အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) မှ မြန်မာနိုင်ငံအမျိုးသမိးထုသို့ ပန်ကြားချက်

ဒေါ်အောင်ဆန်းစုကြည်. အသက် ၆၄ ပြည့်မွေးနေ့ အထိမ်းအမှတ်
၂၀၀၉ ခုနှစ် ဇွန်လ ၁၁ ရက်နေ့


မြန်မာနိုင်ငံသူ အမျိုးသမီးအပေါင်းတို့

လာမယ့် ၂၀၀၉ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့ ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၆၄) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရဲ့ ဖမ်းဆီးချုပ်နှောင်မှုနဲ့ အသက်အန္တရာယ်ပြုမှုတွေကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ပြီး ယခု မေလ ၁၄ ရက်နေ့ မှာတော့ ကမ္ဘာပေါ်မှ ဘယ်အာဏာရှင်နဲ့မှ မတူတဲ့ မြန်မာစစ်အာဏာရှင်တွေဟာ တကမ္ဘာလုံးတုန်လှုပ်သွား စေတဲ့ လုပ်ရပ်တခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေအရ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်ပြီး လွတ်ရက်နီးကပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်စိန် အကျဉ်းထောင်တွင်းသို့ ပြောင်းရွှေ့ထိမ်းသိမ်းထားလိုက် ခြင်းပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်ထောမှ ဒေါ်အောင်ဆန်းစုကြည်. နေအိမ်ကို ၀င်ရောက်မှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနှင့် နေအိမ်အကျယ်ချုပ် စည်းကမ်းမျာကို ဖေါက်ဖျက်မှုဟုဆိုကာ မတရားစွတ်စွဲပြီး တရားစွဲဆိုချက်ပဲဖြစ်ပါတယ်။ ဒီလုပ်ရပ်ဟာ မြန်မာစစ်အာဏာရှင်တွေရဲ့မတရားတဲ့လုပ်ရပ်ဖြစ်တဲ့အပြင် ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို အလုံးစုံပျက်သုန်းစေတဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ အာစီယံ အပါအ၀င် ပြည်တွင်း ပြည်ပ အင်အားစုများနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ ဒေါ်အော်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တိုက်တွန်းနေတဲ့ကြားက နအဖက သူမအပေါ် မတရားအမှုဆင်ပြီး တရားစွဲဆို စစ်ဆေးနေခြင်းဖြစ်ပါတယ်။

ဒီအခြေအနေမှာ လူဦးရေထက်ဝက်ကျော်ရှိတဲ့ ကျမတို့ အမျိုးသမီးထုရဲ့ အခန်းကဏ္ဍက နိုင်ငံရေးဖြစ်စဉ်တိုင်းမှာ အရေးပါတဲ့ အင်အားဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ သူမရင်ဆိုင်နေရဲတဲ့ အခြေအနေတွေကနေ လွတ်မြောက်အောင် ရုန်းထွတ်စေနိုင်မယ့်အားလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ယူလေးစားဖွယ်ရာ စံပြခေါင်းဆောင်အဖြစ် စစ်အစိုးရကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ပြတ်ပြတ်သားသား တောင်းဆိုနေသူဖြစ်တဲ့အပြင် လူ့အဖွဲ့ အစည်း တိုးတက်ပြောင်းလဲရေးအတွက် ကိုယ်ကျိုးစွန့် ဦးဆောင်နေသူတဦးဖြစ်တယ်ဆိုတာကို ပြည်သူအားလုံးက သိရှိထား ပြီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ခိုင်မာပြတ်သားတဲ့ ခေါင်းဆောင်မှု စိတ်ဓာတ်ကို ကျမတို့ အမျိုးသမီးအားလုံး အားကျအတုယူ၊ စံနမူနာထားကြရမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံသူအမျိုးသမီးအပေါင်းတို့ ၊

ကျမတို့ ရဲ့ နိုင်ငံ ငြိမ်းချမ်းသာယာစေဖို့ တတ်နိုင်တဲ့ နည်းလမ်းတွေနဲ့ ဆထက်တပိုး စုပေါင်းလှုပ်ရှားဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်လာပါပြီ။ ဒါဟာကျမတို့အားလုံးရဲ့ အသိစိတ်ဓာတ်နဲ့ ပါဝင်ရမယ့် သမိုင်းပေးတာဝန်ကြီးတရပ်လည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ဖူးတဲ့ ”ကျမတို့ဟာ မလွဲမသွေ ဒီမိုကရေစီရရှိကြမှာဖြစ်ပါတယ်၊ ကျမတို့ လူထုဟာ ကျမတို့မှာ အာဏာမဲ့နေတယ်လို့ မခံစားစေချင်ပါဘူး၊ ကျမတို့လူထုဟာ အာဏာမရှိတဲ့ လူတွေမှာ ရှိနေတဲ့ အာဏာကို သိနားလည်ဖို့ လိုပါတယ်” ဆိုတဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ကျမတို့အားလုံး လေးလေးနက်နက်ယုံကြည်ကျင့်ကြံရမယ့် အချိန်ကို ရောက်နေပြီဆိုတာ အတိအလင်းပြောပြချင်ပါတယ်။ ဒီမိုကရေစီလိုလားကြတဲ့ ကျမတို့တတွေ ကိုယ့်မှာရှိတဲ့ အခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်တွေကို သိဖို့လိုပါတယ်။ ကမ္ဘာကြီးငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေ ထိပ်ပိုင်းအဆင့်အထိ အသီးသီးတက်လှမ်း ဆောင်ရွက်နေကြချိန်မှာ မြန်မာပြည်သူတွေကတော့ စစ်အုပ်ချုပ်မှုအောက်မှာ ဖိနှိုပ်မှုမျိုးစုံကို ခါးစည်းခံနေကြရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေဆိုးတွေကနေ လွတ်မြောက်ဖို့ ကျမတို့အားလုံး နည်းမျိုးစုံနဲ့ လှုပ်ရှားမှုအရှိန်ကို တိုးမြှင့်လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၄ နှစ်ပြည့်မွေးနေ့မှာ သူမရဲ့ နိုင်ငံရေး ဦးဆောင်မှုအပေါ် ထောက်ခံကြောင်းနဲ့ သူမအား မတရား တရားစွဲဆိုမှုတွေကို ဆန့်ကျင်ကြောင်း အမျိုးသမီးတွေအနေနဲ့ တခဲနက် ထုတ်ဖော်ပြသရမယ့် အချိန် ရောက်ရှိနေပါပြီ။ မြန်မာနိုင်ငံအနှံ့ အပြားမှာ သူမရဲ့ ဓါတ်ပုံတွေကို လူထုအကြားဖြန့်ဝေခြင်း လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ စစ်အစိုးရဟာ လူထုယုံကြည်လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံတွေကို ကွန်ပြူတာနည်းပညာနဲ့ ဖန်တိုးပြုပြင်ပြီး လူထုအကြား ခိုးကြောင်းခိုးဝှက် ဖြန့်ဝေခြင်းအားဖြင့် တန်ပြန်တိုက်ခိုက်နေပါတယ်။ မြန်မာပြည်သူတွေတင်မက ကမ္ဘာကပါ လေးစားရတဲ့ အမျိုးသမီးခေါင်းဆောင်တဦးအပေါ် အခုလို ယုတ်ညံ့တဲ့ နည်းလမ်းတွေနဲ့ တန်ပြန်တိုက်ခိုက်နေခြင်းအပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)မှ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုပ်ချလိုက်ပါတယ်။ တိုင်းရင်းသားလူမျိုးပေါင်းစုံ အမျိုးသမီးထုကြီး တရုပ်လုံးအနေနဲ့လည်း အမျိုးသမီးများရဲ့ နိုင်ငံရေးပါဝင်မှု၊ ဦးဆောင်မှုတို့ အပေါ် တိုက်ရိုက်ထိခိုက်စေတဲ့ အခုလို မဟုတ်မမှန်လုပ်ကြံဖိန်တီးတဲ့ ပုဂ္ဂိုလ်ရေးထိုးနှက်မှုများအပေါ် လုံးဝလက်မခံနိုင်ကြောင်း ဆန့်ကျင်ကြောင်း သဘောထားဖေါ်ပြကြဖို့ တိုက်တွန်းအပ်ပါတယ်။ တချိန်တည်းမှာ ကျမတို့ လူထုခေါင်းဆောင်ရဲ့ သူမတူတဲ့ စွန့်လွတ် အနစ်နာခံမှုတွေကို အသိအမှတ်ပြု ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ယူခုအချိန်မှ စတင်ပြီး အမျိုးသမီးထိုအနေနဲ့ အ၀ါ ရောင် ပန်း၊ ဖဲကြိုး၊ ဖဲပြား၊ ဆံညှပ်၊ ကလစ်၊ အ၀တ်အစားစတဲ့ အသုံးအဆောင်တခုခု ၀တ်ဆင်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါ တယ်။ ဒေါ်ဆောင်ဆန်းစုကြည်မွေးနေ့ လွန်မြောက်သွားချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနှင့် အချုပ်အနှောင် အားလုံးမှ အမြန်ဆုံး လွတ်မြောက်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရေးမှာ အခက်အခဲမရှိ ဦးဆောင်ဦးရွက်ပြုသွားနိုင်စေရေးတို့ ကို ရည်မျှော်ပြီး လူထုအတွင်း စိတ်ဓာတ်ရေးရာအရ အားပေးမှုပြုရန် လိုအပ်သည့်အချိန်တိုင်း အ၀ါရောက်သင်္ကေတ အသုံးပြုမှုကို ဆက်လက် ဆောက်ရွက်သွားကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

သတင်းတံခါးပိတ်၊ ဖိနှိပ်ခံထားရတဲ့ ကျမတို့ ပြည်သူပြည်သားအားလုံးအတွက် ကိုယ့်အင်အားကို ပြန်မြင်နိုင်ပြီး စိတ်ဓါတ် အင်အားမြှင့်တင်နိုင်မယ့် အ၀ါရောင်သင်္ကေတ ငြိမ်းချမ်းရေးတိုက်ပွဲကို မြန်မာနိုင်ငံသူ အမျိုးသမီးထုတရပ်လုံးအနေနဲ့ ညီညီညွတ်ညွတ် စည်းရုံးလှုံ့ဆော်ပါဝင်ဆင်နွဲကြပါစို့ ။

ငြိမ်းချမ်းရေးကို မျှော်ရည်လျှက်
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်
လွေးအေးနန်း +၆၆ ၈၉ ၄၃၄ ၂၈၄၁
တင်တင်နွယ် +၆၆ ၈၇ ၈၄၉ ၉၃၃၂
တင်တင်ညို +၆၆ ၈၁ ၀၃၂ ၂၈၈၂

About This Blog

This blog is built to honour Daw Aung San Suu Kyi, on the occasion of her 64th birthday. She is courageously leading the struggle for democracy and national reconciliation in Burma.

We, from the Women's League of Burma, would like to assure you that we will also continue our struggle for peace, democracy and national reconciliation.

With respect and solidarity,
Women's League of Burma

About WLB

  © Blogger templates Psi by Ourblogtemplates.com 2008

Back to TOP